ပြင်ဦးလွင် ၂၀  သြဂုတ်  


ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစထိမှန်၍ တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာသုံးဦးအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများ စေတနာရှင် အလှူရှင်များက အလှူငွေများနှင့် အစားအသောက်များကို သြဂုတ်လ ၁၉ ရက် ညနေ ၆ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

1

 


အဆိုပါ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစထိမှန်၍ တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာများမှာ နောင်ချိုမြိုနယ်၊ နားကော်ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် (ဘ)ဦးကျော်လူ၏သား မောင်အိုက်စီ (၂၀)နှစ်၊  (ဘ) ဦးကော်ခမ်း၏သား မောင်ထွန်းလူ (၂၀)နှစ် ၊ (ဘ)ဦးပန်နဝ ၏ သားဖြစ်သူ အောင်ကျော်ဦး (၁၉)နှစ်၊ ၃ဦးတို့အား ယင်းဆေးကုသဆောင်၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊  ပြည်သူ့ဆေးရုံအုပ်ကြီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များဖြစ်ကြသော သန္တိသုခနှင့် စိမ်းလန်း (ပြင်ဦးလွင်) ဥက္ကဌနှင့်အဖွဲ့ ၊ ပြင်ဦးလွင်နာရေးကူညီမှုအသင်း ဥက္ကဌနှင့်အဖွဲ့၊ ပြင်ဦးလွင်စက်ဘီးချစ်သူများ အဖွဲ့၊ အခြားသောအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ စုပေါင်း၍  တစ်ဦးလျှင် အလှူငွေ ကျပ်(၁)သိန်းခန့်နှင့် စားသောက်ဖွယ်ရာများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 


ဇော်မျိုးထိုက်(ခရိုင်ပြန်/ဆက်)