မိုင်းဟောင်း(၁)လုံးအား ကစားစရာဟု ထင်မှတ်၍ ပစ်ပေါက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ (၂)ဦးသေ၊ (၈)ဦးဒဏ်ရာရ

နေပြည်တော် ၂၇ ဧပြီ

 

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန့်ပန်ကျေးရွာနေ မောင်ဘုန်းလျှံဖြိုး (၉)နှစ်ပါ ၁၀ ဦးတို့သည် ဧပြီ ၂၆ ရက် ည ၉ နာရီခွဲတွင် တစ်ရွာတည်းနေ ဦးသိန်းအေး(စိစစ်ဆဲ)၏ နေအိမ်ရှေ့ရှိ အမှိုက်ကျင်းအတွင်းမှ တွေ့ရှိသော မိုင်းဟောင်း ၁ လုံး(စိစစ်ဆဲ)အား ကစားစရာဟု ထင်မှတ်၍ ပစ်ပေါက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားရာ မောင်ဘုန်းလျှံဖြိုးပါ ၂ ဦးတို့တွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ပေါက်ကွဲမှုကြောင့် မောင်နိုင်ကျော် (၆)နှစ်ပါ ၈ ဦးတို့တွင်လည်း ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး ဖြစ်စဉ်အား နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အသေးစိတ် စိစစ်လျက်ရှိကြောင်း သိရသည်။

 

MDN