နေပြည်တော် ၁၅ ဩဂုတ်
ယနေ့နံနက်ပိုင်းတွင် ဂုတ်တွင်းတံတား (မန္တလေး - နောင်ချို - ကျောက်မဲ လမ်းပိုင်း) မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရပြီး မန္တလေးမြို့မှ လားရှိုးမြို့သို့ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက်ရှိသည့်အတွက် အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ရန် ယနေ့ညနေပိုင်းမှစ၍ လိုအပ်သော တံတားသံဘောင်ဘေလီများကို စတင်ပေးပို့လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ခရီးသွားပြည်သူများ အခက်အခဲမရှိစေရန် တံတားတည်ဆောက်ရေး အထူးအဖွဲ့များက အမြန်ဆုံး (၅)ရက်အတွင်း Double Lane Bailey bridge (နှစ်လမ်းသွား ဘေလီတံတား)ကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
MDN


