မိုင်းခတ်   ဒီဇင်ဘာ   ၂၂

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ)မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။

 

 

မိုင်းခတ်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများဖြစ်သည့် မြို့ပြပင်စင် ၂၄ ဦး၊ ကာကွယ်‌ရေးပင်စင် ၇၄ ဦး၊ နိုင်ငံရေးပင်စင် ၁၉ ဦး စုစုပေါင်း ၁၁၇ ဦးတို့ကို ဘဏ်ဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူ နိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးဝင်းဇော်‌ဦးထံမှ သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)