မိုင်းခတ် ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၆ နာရီတွင် မြို့နယ် စည်ပင်သာယာစျေး အတွင်း၌ လှုပ်ရှားဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခြင်းနှင့်(mask)များအခမဲ့ဖြန့်ဝေခြင်းကိုမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး စျေးရောင်းချသူများ၊ စျေးသူ၊ စျေးသားများအား ပါးစပ်နှာခေါင်းစည်း (Mask)များကို မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် (mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး ကာလပြီးပါက နေအိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း (mask) မတပ်ဆင်သူများကို ဒဏ်ငွေတပ် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


