မိုင်းခတ် ၂၂ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ကြက်ခြေနီ စေတနာ့ဝန်ထမ်းများ တစ်ရက်တာ သင်တန်းပို့ချမှုကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားရုံ၌ သင်တန်းပို့ချလျက်ရှိသည်။
သင်တန်းတက်ရောက်လာကြသူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများက လတ်တလောဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုယ်အပူချိန်တိုင်းနည်း၊ စနည်တကျလက်ဆေးနည်း၊ တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်ရာတွင် အကာအကွယ်ဖြင့် ကိုင်တွယ်နည်း၊ မိမိရပ်ကွက်ကျေးရွာတွင် သံသယဖြစ်ဖွယ်ရာလူများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ကြရန်၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ လိုက်နာဆောင်ရွက်သွားရန် စသည်တို့ကို သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
မိုးဒေ ပြန်/ဆက်


