မိုင်းခတ် ၃ ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ဝမ်ခုတ်အုပ်စု၊ နောင်ဖူကျေးရွာ၌ ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

မိုင်းခတ်မြို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုင်းဖြိုးသီဟထွန်း ဦစီးသည့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလျှက် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းချနေကြောင်း သတင်းအရ ကျာဂျော့အယ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တစ်ရွာတည်းနေ ကျာနူး၊ ကျဖူး၊ ကျာကျိုး၊ ကျာခူတို့အား ဝိုင်းဖွဲ့ထိုင်လျက် မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို တွေ့ရှိပြီး ၎င်းတို့သုံးစွဲနေသည့် ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေးခဲ အလေးချိန် (၁၆.၃၃) ဂရမ်ခန့်နှင့် ဝါးရိုးတပ်ဘိန်းရှူ ကိရိယာ(၂)ခု၊ ပလတ်စတစ်ဗူးတွင် ဝါးရိုးတပ်စိတ်ကြွဆေးရှူ ကိရိယာ တစ်ခု၊ မီးခြစ်နှစ်လုံး၊ ရေနံဆီမီးခွက်တစ်ခု၊ ဇွန်းတစ်ချောင်းအား တွေ့ရှိပြီး ၎င်းတို့ ခန္ဓာကိုယ်အား ဆက်လက်ရှာဖွေရာ ကျာနူးနှင့်ကျာကျိုးတို့ ဝတ်ဆင်ထားသော အင်္ကျီအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၂၂၃ ပြား သိမ်းဆည်းရမိခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲ/ရောင်းချနေသော ကျာနူး(၄၀)နှစ်၊ ကျဖူး(၅၀)နှစ်၊ ကျာကျိုး(၃၈)နှစ်၊ ကျာခူ(၃၀)နှစ်၊ နောင်ဖူကျေးရွာနေထိုင်သူတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဥပဒေအရ မိုင်းခတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်