မိုင်းခတ် ၂၃ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် စိုက်ပျိုးရေးဦစီးဌာနမှ ဝန်ထမ်းများသည် တောင်သူများအာ စိုက်ပျိုးရသီအလိုက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ပင်းကွေဘက်စုံနည်းပညာသုံးစံပြကျေးရွာတွင်မိုးစပါးရောဂါကာကွယ်နိမ်နည်းနည်းနှင့်ပြောင်းဖူးပင်တွင်ကျရောက်နေသာ ဖောငမြောင်တောင်ပိုးအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးယုမောင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း၊တောင်သူများစုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးမှူးက တောင်သူများစိုက်ပျိုးထားသောမိုးစပါးသီးနှံဖျက်ပိုးများကိုကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ပိုးသတ်ဆေးများအသုံးပြုရာတွင်စနစ်တကျအသုံးပြုရမည့်နည်းလမ်းများ၊အစေ့ထုတ်ပြောင်းများရိတ်သိမ်းပြီးပါက အပင်များမီးရှို့ပေးရန်နှင့် ထယ်ရေးလှန်ခြင်းပြုလုပ်ရန် မှာကြားခဲ့ပြီး ယူရီးယားဓာတ်မြေသြဇာများပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်


