မိုင်းခတ်  ၁၄  အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် Online မှတစ်ဆင့် ကလေး စာဖတ်ခန်းတွင် အသိပညာပေးခြင်းများကိုဆောင်ရွက်လျက်ရှိရာယနေ့နံနက် ၁၀ နာရီအချိန် ကလေးစာဖတ်ခန်းတွင် ကြာပန်းစက္ကူခေါက်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နန်းခင်ညွန့်(စာကြည့်တိုက်လက်ထောက်-၃)က ရောင်စုံစက္ကူများဖြင့် ရောင်စုံကြာပန်း စက္ကူခေါက်ပြခြင်းကို မိုင်းခတ်မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် Online မှတစ်ဆင့် ပြသနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်ယာယီပိတ်ထားသည့်အချိန်တွင် စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်း မရှိသည့် ပြည်သူများ၊ ကလေးသူငယ်များအတွက် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ စက္ကူခေါက်ခြင်း၊ တိုင်းရင်းသားရိုးရာပုံပြင်များပြောပြခြင်း၊ အသိပညာပေး (TalkShow) များ၊ အထွေထွေဗဟုသုတများ၊ ဒေသဆိုင်ရာသတင်းအချက်အလက်များကို Onlineမှတစ်ဆင့် ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

 

မိုးဒေ (ပြန်/ဆက်)