မိုင်းခတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၂၁)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရှိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရရှိသူ(၂၁)ဦးတွင် သံဃာတော်လေးပါးပါဝင်ပြီး နိုဝင်ဘာ၂၃ရက်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင် ၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌ ခုနှစ်ရက် Home Quarantine နေထိုင်သွားရန် ၊ လူစုလူဝေးဖြင့် နေထိုင်ခြင်း မပြုရန် ၊ ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို သတိပေးမှာကြားခဲ့ကြောင်း သိရှိရသည်။
မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ၁၃ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၆၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၀၆)ဦး၊ ဆေးကုသမှုခံယူနေသူ(၆၁)ဦး ကျန်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်