မိုင်းခတ် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မိုင်းခတ်မြို့တွင်း ဝင်/ထွက်သွားလာသူများ၊ ပိုးတွေ့လူနာများ၏ မိသားစုဝင်များ၊ Contact ထိတွေ့သူများ စုစုပေါင်း (၃၁)ဦးအား RDT testkit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၄)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းပိုးတွေ့လူနာများမှာ အမှတ်(၁)ရပ်ကွက်မှ (၃)ဦး၊ ဝမ်ပင်းအုပ်စု နမ့်ခတ်ကျေးရွာမှ (၁)ဦး စုစုပေါင်း(၄)ဦး တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါလူနာများအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)