မိုင်းခတ် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် တုံဖကော်အုပ်စု၊ နမ့်မွဲကျေးရွာအရှေ့ဖက်ရှိ ၁ ပေအောက် ဘိန်းခင်း ၄ ဒသမ ၅ ဧကအား ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မူးယစ်လှုပ်ရှားတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် တုံဖကော်အုပ်စု၊ နမ့်မွဲကျေးရွာအရှေ့ဖက်ရှိ ၁ ပေအောက် ဘိန်းခင်း ၄ ဒသမ ၅ ဧကတို့ကို ဖျက်ဆီးခဲ့သည်။

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရန် စီမံချက်များရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းရပ်တန့်ကာ  အခြားစီးပွားဖြစ် သီးနှံများစိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်/ဆက်