မိုင်းခတ် ဇန်နဝါရီ ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

အဆိုပါ စွမ်းရည်ပြိုင်ပွဲများတွင် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် စာစီစာကုံးရေးသားခြင်း၊ ဆောင်းပါးနှင့် ကဗျာစပ်ဆိုရေးသားခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ပြီးယင်းပြိုင်ပွဲများသို့ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် (၁၇)ဦး၊ ကဗျာရေးစပ်နည်းပြိုင်ပွဲတွင်(၂၈)ဦး၊ ပန်းချီရေးဆွဲနည်းပြိုင်ပွဲတွင်(၁၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင်(၄)ဦး၊ စုစုပေါင်း(၆၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

နန်းနွယ်နီ(ပြန်/ဆက်)