မိုင်းခတ် မတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အားကစားအခြေခံသင်တန်းကို မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် မတ် ၂၅ ရက် ညနေပိုင်းက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို အားကစားနည်း သုံးမျိုးကို မတ် ၂၅ ရက်မှ ဧပြီ ၈ ရက်အထိ ၁၄ ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၅၀ ခန့် တက်ရောက်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


