မိုင်းခုတ် နိုဝင်ဘာ ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အမှတ်(၃)ရပ်ကွက်အား နိုဝင်ဘာလ ၇ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၆ ရက်နေ့အထိ အသွားအလာကန့်သတ် Semi Lockdown (၁)လ သတ်မှတ်ထားကြောင်း မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ကြောညာချက်အရ သိရသည်။

           

မိုင်းခုတ်မြို့ အမှတ်(၃)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းများ လျော့နည်း ကျဆင်းစေရန် စောင့်ကြည့်ထိန်းချုပ်ဆောင်ရွက်သွားရန် လိုအပ်ခြင်းကြောင့် Semi Lockdown ချထားခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

မိုင်းခုတ်မြို့ အမှတ်(၃) ရပ်ကွက်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ပိုးတွေ့လူနာဦးရေ (၃၀)အထိ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အားချာ