မိုင်းခုတ် ဩဂုတ် ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၏  ၂၀၂၁-၂၀၂၂ ခု ဆင်းဧရီ- မိုးစပါးမျိုးသန့်စံပြစိုက်ခင်းများအား သွင်းအားစု ယူရီးယားဓာတ်မြေဩဇာ ကြဲပက်ခြင်းကို ဩဂုတ် ၂၅ ရက်က တောင်သူ ဦးစိုင်းဆမ်၏ လယ်၌ ပြုလုပ်ခဲ့သည်။

 

ယူရီးယားဓာတ်မြေဩဇာ ကြဲပက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစဌေးဝင်းက ဓာတ်မြေဩဇာကျွေးရာ၌ သွင်းအားစုမြေဩဇာကို အခဲဖြစ်မှုမရှိစေရေး စနစ်တကျချေဖျက်ပြီး နေရာကွက်ကျန်မှုမရှိစေအောင် လယ်ကွင်းအနှံ့ စနစ်တကျ ကြဲပက်ရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက  ယူရီးယားမြေဩဇာများ စုပေါင်းကြဲပက်ကြသည်။

 

မိုင်းခုတ်မြို့တွင် ၂၀၂၁-၂၀၂၂ ခု မိုးစပါး စိုက်ပျိုးထားရှိမှုမှာ လယ် ၃၆၀၂ ဧက၊ ယာ ၁၈၆၅ ဧကနှင့် တောင်ယာစိုက်ပျိုးမှု ၁၁၀၀ ဧက စုစုပေါင်း ၆၅၆၇ ဧကရှိကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

အားချာ