လှိုင်းဘွဲ ၃ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသအတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်း စေရန်နှင့် ကူးစက်ရောဂါများ ကင်းဝေးစေရန်ရည်ရွယ်၍ လစဉ်ဆောင်ရွက်ပေးလျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကတောင်စွန်းကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနတွင်ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများတွင် အသက်၂နှစ်အောက် ကလေးငယ်များအား အသည်းရောင် အသားဝါဘီရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြား အလိုက် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်