လှိုင်းဘွဲ ၁ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က အေးလင်းသာယာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်က ကျောင်းသား ကျောင်းသူများ ပညာရေးကို လေ့လာဆည်းပူးနိုင်ရန်အတွက် ကျောင်းသားမိဘများ၊ တာဝန်ရှိသူများက ဝိုင်းဝန်ကူညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ငယ်ရွယ်ချိန်မှာ ပညာရေးကို ပထမဦးစားပေးအနေဖြင့် ကြိုစားသင်ယူရမည်ဖြစ်ကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ ကာလတွင် ပညာရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးရန်မျိုးအောင်တို့က မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား ကျောင်းသူ (၄၄၅) ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင်၊ ကျောင်းဝတ်စုံ (၁) စုံစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)