ရှမ်းရွာသစ် ၂၂ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလ ထပ်ဆောင်းထောက်ပံ့ငွေများအား ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက် ကလေးငယ်များ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ အေးလင်းမြတ်ရှင် တိုက်ပွဲရှောင်စခန်းတွင် လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က ကိုယ်ဝန်ဆောင် မိခင် (၂၃)ဦး၊ အသက်(၂)နှစ်အောက်ကလေး (၁၀၉)ဦး စုစုပေါင်း (၁၃၂)ဦးတို့အတွက် တစ်ဦးလျှင် အပိုဆောင်းထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၃၉၆၀ဝ၀ဝ ကို လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများကိုလည်း ရပ်ကျေးစာရေးများနှင့် တာဝန်ရှိသူများတို့က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


