မိုင်းကိုင်   စက်တင်ဘာ   ၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးအတွက်  ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ အစာအာဟာရများကို စေတနာရှင်အလှူရှင်များက နေ့စဉ်လာရောက် လှူဒါန်းပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် Saing Li C၀.Ltd မှ ဆေးပစ္စည်းကိရိယာများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းမှုတွင် တုံလောကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနသို့ အောက်စီဂျင်အိုး 40 L နှင့် Flow Meter   ၅ စုံ၊ PPE Level-2 ၂၀ စုံ ၊  PPE Level-3  ၂၀ စုံ ၊ N95 3M 1860 Mask  ၂၀ ခု ၊ 3Ply Surgical Mask ၃၀ ဘူး၊ Covid-19 Test Kit (China) စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၉၉၄၀၀၀ ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ အတွက် အောက်စီဂျင်အိုး 40L နှင့် Flow Meter   ၁၀ စုံ၊ PPE Level-2 ၈၀ စုံ ၊  PPE Level-3  ၈၀ စုံ ၊ N95 3M 1860 Mask  ၈၀ ခု ၊ 3Ply Surgical Mask ၁၂၀ ဘူး ၊ Surgical Glove 6 ½ ၁၀၀စုံ ၊  Covid-19 Test Kit (China)   တစ်ဖာ စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၄၅၁၀၀၀ ကိုလည်းကောင်း လာရောက်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်းတို့က လက်ခံရယူခဲ့ပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)