မိုင်းလုံ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်းရှိ မြို့မဈေးနှင့် ဈေးရပ်ကွက်တို့ကို (၂၁.၇.၂၀၂၁)ရက်နေ့မှစ၍ (၃.၈.၂၀၂၁)ရက်နေ့အထိ (Lock Down)ထားရှိမည်ဖြစ်ကြောင်း မိုင်းလုံမြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ယနေနံနက်(၉းဝဝ)နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့သည် ကိုဗစ်အတည်ပြုလူနာ(၂)ဦးရှိရာ ၄င်းရောဂါပိုးတွေ့ရှိသူများသည် ဈေးရပ်ကွက်တွင်နေထိုင်ပြီး တစ်ဦးသည် ခရီးသွားရာဇဝင်မရှိပဲ ရက်အတော်ကြာနေမကောင်းသဖြင့် (Quarantine) ဝင်ရောက်နေသူများကို RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးချိန်တွင် ကိုယ်တိုင်လာရောက်စစ်ဆေးခံရာ ရောဂါပိုးတွေ့ရှိသောကြောင့် မြို့မဈေးနှင့် ဈေးရပ်ကွက်တို့ကို(Lock Down)ရက်သတ္တပတ် (၂)ပတ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ ကိုလိုက်နာကြရန်၊ ရပ်ကွက်အတွင်း အနံ့ပျောက်၊လည်ချောင်းနှာ၊ ဝမ်းလျှော၊ အသက်ရှုကြပ် သူများရှိပါက တိုက်နယ်ကျန်းမားရေးဌာနနှင့်မိမိတို့၏ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့်အကြောင်းကြားရန်၊ ပြည်ပပြန်များ၊ (Stay at Home) မြို့နယ်များမှ ပြန်လာသူများရှိ ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားရန် နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွ နေရာများတွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် မြန်မာနှင့်ရှမ်း ဘာသာစကား နှစ်မျိုးဖြင့် လိုက်လံ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံ(ပြန်/ဆက်)


