မိုင်းလုံ  ၁၉  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ Home Quarantine ထားရှိသူ(၉)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးရန် နိုဝင်ဘာ(၁၈)ရက်က နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမားရေးဌာနတွင် ရယူခဲ့ကြောင်း သိရသည်။

 

Home Quarantine ထားရှိသူများ၏  နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူရာတွင် တိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမြစိုးနှင့် သားဖွားဆရာမ ဒေါ်နန်းမြဟန်တို့က ရောဂါ ဖြစ်ပွားရာ ဒေသဖြစ်သည့် မန္တလေးမြို့မှ ပြန်လာသူ  ကျား(၇)ဦး၊မ(၂)ဦး စုစုပေါင်း  (၉)ဦး ၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ Home  Quarantine ထားရှိသူ (၉)ဦး၏ လက်ရှိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

 

ဇော်ဇော်(ပြန်/ဆက်)