မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မိုင်းလုံ  သြဂုတ် ၂၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားသော (၆၅)နှစ်နှင့် အထက် ပြည်သူ(၂၃)ဦးကို ဦးစားပေးအနေဖြင့် ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသော ဝန်ထမ်းများ၊ ပရဟိတအသင်း၊ ပို့ဆောင်ရေးလုပ်ငန်းနှင့် ဈေးရောင်းသူများကို ဩဂုတ် ၃၀ ရက်တွင် မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းလုံမြို့ရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမည်ဆိုပါက မိမိတို့၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စာရင်းပေးသွင်း၍ ဆေးထပ်မံရောက်ရှိပါက ဆေးထိုးမည့်ရက်ကို အကြောင်းကြားပေး မည်ဖြစ်ကြောင်း မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇော်(ပတ္တမြားမြေ)