မိုင်းလုံ  ၁၃  ဇူလိုင် 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းတွင်  ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် ဦးအာသာဖာ၏ အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းမကြီးတွင် ဆောင်ရွက်ထားရှိသည်။

မိုင်းလုံမြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ထားရှိပြီး မြို့တွင်းသို့ ဝင်ရောက်လာမည့် ခရီးသည်များအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များကိုရေးမှတ်ခြင်း၊ ထွက်ခွာလာသည့် ဒေသမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ Mask များစနစ်တကျ တပ်ဆင်ပြီးမှ ဝင်စေခြင်း၊ လက်များကိုစနစ်တကျဆေးစေခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ပြီး Stay at Home သတ်မှတ်ထားသောမြို့နယ်များမှ မိုင်းလုံမြို့အတွင်း လာရောက်ပါက Covid-19 ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော Covid-19 Vaccination Card၊ (၂)ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုကင်းရှင်းကြောင်း နှားခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်/ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ကြောင်းထောက်ခံစာ ပါရှိရမည်။ 

Stay at Home သတ်မှတ်ထားသောမြို့နယ်များနှင့်  ပြည်ပနိုင်ငံမှ ပြန်လာသူများကို  အဆိုပါထောက်ခံချက်များ မပါရှိပါ   Quarantine Center တွင်ထားရှိသွားမည်ဖြစ်ကြောင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နေ့စဉ်မနက်(၆)နာရီမှ ည(၆)နာရီအချိန်ထိ ဖွင့်လှစ်ပြီး ကျန်းမာရေး ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူများက အလှည့်ကျစနစ်ဖြင့် နေ့စဉ် ပါဝင်ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။

မိုင်းလုံ(ပြန်/ဆက်)