မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းလုံ  သြဂုတ် ၂၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ဩဂုတ် ၂၈ ရက်က မုန်းပြင်ကျေးရွာအုပ်စု၊ မုန်းပြင်ကျေးရွာတွင် ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုး စာရင်းများ ဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လျှောက်စေခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မိုးပြေကျေးရွာနေပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၃၀)ဦးနှင့် အိမ်ထောင်စု(၅)စုတို့၏ စာရင်း များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်(ပတ္တမြားမြေ)