မြိုင်၊ ၁၃ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၂)ဈေးတွင် ကုန်စိမ်းဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၂ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်စိမ်းဈေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၂၁၃၈၀ဝ၀ဝ ကျပ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ဈေးကော်မတီအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ရန်ပုံငွေဖြင့် ဈေးဧရိယာအကျယ် ပေ ၂၀ဝ x ပေ ၁၅၀ အား ကွန်ကရစ်ဒု ၄ လက်မ၊ ဈေးအဝင်လမ်း ပေ ၃၀ဝ x ၁၂ ပေ အား ကွန်ကရစ်ဒု ၆ လက်မတို့ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇန်နဝါရီလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဟန်မြင့်၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)


