နေပြည်တော်၊ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယတွင် ယာခင်းထဲ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးငါးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများကို ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မည်သည့်အကြောင်းနှင့်မျှ ဥပဒေမဲ့ ဖမ်းဆီး ခေါ်ဆောင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံမှု မရှိသူများအား ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ပစ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


