မြိုင် ဧပြီ ၂၀

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ဆီထွက်သီးနှံ တိုးတက်ရေးအတွက် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော နေကြာမျိုးစေ့များ ယနေ့ နံနက် ၉ နာရီက မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင် တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွန့်တင်က စားသုံးဆီဖူလုံစေရေးအတွက် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုးစေ့အခမဲ့ပေးဝေခြင်းဖြစ်ကြောင်း၊ နေကြာကို သီးသန့်စိုက်ပျိုးခြင်းနှင့် မြေပဲ၊ နှမ်း စသည့် သီးနှံများအကြားတွင် သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ကြောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသော တောင်သူများအား တာဝန်ရှိသူများက နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ကြသည်။

 

အဆိုပါ နေကြာမျိုးစေ့ထောက်ပံ့ရာတွင် နေကြာသီးသန့်စိုက်ပျိုးသူ တောင်သူများအတွက် တစ်ဧကလျှင် ၃ ကီလိုနှုန်း၊ သီးညှပ်စိုက်ပျိုးမည့် တောင်သူများအတွက် တစ်ဧကလျှင် သုည ဒသမ၇၅ ကီလိုနှုန်းဖြင့် နေကြာမျိုးစေ့ပေါင်း ကီလို ၂၄၀ ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

 

ခါနု