မြိုင် ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများ ဆေးဝါးနှင့်အထောက် အကူပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် ကိုဗစ် ၁၉ကာလ တွင်းစျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးအတွက် ဩဂုတ် ၁၅ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့ပေါ်ရှိ ဆေးဆိုင်များကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေရေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်ဇော်ဦး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြိုင်မြို့ပေါ်ရှိ ဆေးဝါးနှင့် အထောက်အကူ ပစ္စည်းဆိုင်များအား ရောင်းချရာတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကိုဗစ်၁၉ ရောဂါဖြစ်ပွားနေ သည့်ကာလအတွင်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့် အထောက်အကူပစ္စည်းဝယ်ယူ ရာတွင် အခက်အခဲမရှိစေရေး၊ ဆေးဝါးများအား လိုအပ်သည်ထက် ပိုမိုသိုလှောင်ထားခြင်း ရှိ/ မရှိ နှင့် ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် နှင့် တွေ့ရှိပါက တည်ဆဲဥပဒေ များနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖြိုးမွန်ကျော်


