မြိုင်မြို့နယ်တွင် ကြက်တိုက်လောင်းကစားဝိုင်း ဆိုင်ကယ်အစီး ၄၀ ကျော် လောင်းကစားငွေကြေးများနှင့် ဖမ်းဆီးရမိ

မြိုင် ၉ မတ် 


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြို့မြို့နယ်တွင် တရားမဝင် ကြက်တိုက်လောင်းကစားဝိုင်းအား သတင်းအရ မတ် ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ တိုက်ကြက်များ၊ ဆိုင်ကယ်အစီး ၄၀ ကျော် နှင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်း ၏သတင်းချပြညွှန်ကြားချက်အရ  ခရိုင်မှုခင်းနိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် ဦးစီးအဖွဲ့၊ ခရိုင်လုံခြုံရေးတပ်ခွဲမှ ရဲအုပ် နိုင်ဝင်းဦးနှင့်အဖွဲ့သည် မြို့မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သာမောင်မောင်အေး ဦးဆောင်သည့်အဖွဲ့တို့ပူးပေါင်း၍ ကိုင်းတောကျေးရွာ အရှေ့တောင်ဘက် ၁ မိုင် ၅ ဖာလုံခန့်အကွာက တောင်းကုန်းမကျည်းပင်အောက်တွင် ပြုလုပ်နေသည့် တရားမဝင်ကြက်တိုက်လောင်းကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ထိုသို့ဖမ်းဆီးရာတွင် ကံလှိုင်၊ အောင်တင်၊ ခင်မောင်ရွှေ၊ ကျော်ဆန်းနိုင်တို့ လေးဦးအား တိုက်ကြက်ဖ ၅ ကောင်၊ ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်မျိုးစုံ အစီး ၄၀၊ ဖုန်း ၄ လုံး၊ လောင်းကြေးငွေစက္ကူရောရာ ၂၁၉၅၅၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည့်အတွက် မြို့မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ကိုလွင်(ဆွာ)