မြိုင်    ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ မြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားသော အချုပ်တရားခံ ၁၀ ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ညွှန်ကြားချက်ဖြင့် ဇူလိုင် ၂၂  ရက် ညနေပိုင်းက ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြိုင်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်တရားခံ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၀ ဦးတို့အား ဇူလိုင် ၂၂ ရက်တွင် လွှတ်ပေးခဲ့သည်။ ထိုသို့ အချုပ်တရားခံများအား လွှတ်ပေးရာတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှုး သက်ဆွေဦး၊ စခန်းမှူး ဒုတိယရဲမှူးကျော်မိုးတို့က ပြစ်မှုကြောင်းနှင့် ပတ်သက်၍ နောင်တစ်ချိန်ထပ်မံကျူးလွန်မှုမရှိစေရေး မှုခင်းအသိပညာပေးပြောကြားပြီး အချုပ်တရားခံများအား ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

သူရ(ပုံတောင်)