mdn

 

မိုင်းနောင် သြဂုတ်  ၂၃
     
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုကာကွယ်၊ထိန်းချုပ် ရေးနှင့်အသိပညာပေးလုပ်ငန်းအဖြစ်Mask Campaign ကို ယမန်နေ့ နံနက်(၉)နာရီက သွားရောက်ဆောင်ရွက်ခဲ့ကြပါသည်။
     
ထိုသို့  ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ မိုင်းနောင်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်ဝင်း၊ ဝမ်စိမ်းတိုက်နယ်ဆေးရုံ တာဝန်ခံဒေါက်တာအောင်ကျော်သူ၊ ဝမ်စိမ်းမီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ်စိုးဝင်းထိုက်တို့နှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ကျရပ်ကျေးစာရေးများနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊မီးတပ် တပ်ဖွဲ့ဝင်များ၊ရပ်မိရပ်ဖများကစျေးဆိုင်များ၊ လမ်းမများတွင်သွားလာနေသော လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်၊ထိန်းချုပ် ရန် အသိပညာပေးပြောကြားခြင်း၊နေအိမ်ပြင်ပထွက်ခွာသည့်အချိန်တိုင်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ရန်အသိပေးရှင်းလင်း၍ (Mask Campaign)ကိုပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
  
ဆက်လက်၍ စျေးဆိုင်များတွင်ရောင်းချနေသော စျေးသည်များနှင့် စျေးဝယ်ယူသူများအား (Mask)တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိ သွားရောက်စစ်ဆေး၍(Mask)များအခမဲ့ဖြန့်ဝေကာ Quarantine Center တွင် Quarantine ဝင်ရောက် နေသူများအား သွားရောက်အားပေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရပါသည်။

မနန်း(မိုင်းနောင်)