မိုင်းငေါ့ ဩဂုတ် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့တွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ကျောက်မဲ-မိုင်းငေါ့ သွားလမ်း၌ တောင်ပြိုကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း မိုင်းငေါ့ လမ်းဦးစီးဌာနမှ သိရသည်။

ကျောက်မဲ-မိုင်းငေါ့ လမ်း (မိုင် ၂၅ / ၂ - ၃) ကြားရှိ တောင်ပြိုကျမှုကြောင့် လမ်းပိတ်ဆို့၍ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ သွားလာ၍ မရကြောင်း သိရသည်။

အဆိုပါ တောင်ပြိုကျနေရာသို့  ကျောက်မဲခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရ၊ မြိုနယ်ဦးစီးအရာရှိ ဦးဝင်လွင်ဦးနှင့် မိုင်းငေါ့မြို့လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ ဦးဖြိုးဝေအောင်တို့ လာရောက်ကြည့်ရှု စစ်ဆေးပြီး လမ်းအမြန်ပွင့်နိုင်ရေးအတွက် ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက စက်ယန္တရားဖြင့် ဖယ်ရှာရှင်းလင်းခဲ့ရာ ယခုအခါ လမ်းပြန်လည်ပွင့်သွား‌ပြီဖြစ်ပြီး မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း မိုင်းငေါ့ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်(ပြန်/ဆက်)