မိုင်းဖြတ် သြဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ မော်တော်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းခြင်းကို သြဂုတ် ၁၀ ရက် နံနက်ပိုင်းက အဆိုပါ အသင်းရုံး၌ ကျင်းပပြုလုပ်သည်။
အလှူရှင် ဈေးတန်းရပ်ကွက်နေ ဦးစိုင်းစိန်ခမ်းနွဲ့၊ ဒေါ်ပြည့်ပြည့်ဟိန်း မိသားစု (Picturesque Myanmar Co.Ltd)က မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ Alphard အမျိုးအစား (ခဲရောင်-မှန်လုံယာဉ်)ကို ပေးအပ်လှူဒါန်းကာ အသင်း ဥက္ကဋ္ဌ ဦးစိုင်းဆေးနော်က ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။
မိုင်းဖြတ်လူမှုကူညီရေးအသင်းသည် ၂၀၁၂ ခုနှစ်မှစ၍ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လူမှုရေးလုပ်ငန်းများ ကို အဓိကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)


