mdn

 

မိုင်းဖြတ် ၊ ဩဂုတ် ၂၃ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ပြည်သူ့ဆေးရုံနှင့် စျေးတန်း (ကွက်သစ်)ရပ်ကွက်ရှိ  Positive Centreတွင် ဆေးကုသမှုခံယူနေသည့် အတည်ပြုလူနားများ သို့ အလှူရှင်များ က နေ့စဉ်စားသောက်ဖွယ်ရာများ လှူဒါန်းပေးလျက်ရှိကြောင်း မိုင်းဖြတ်လူမှုရေးကူညီမှုအသင်းက သိရသည်။


ထိုသို့ စားသောက်ဖွယ်ရာများလှူဒါန်းပေးရာတွင် အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုများဖြင့် နေ့စဉ် နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ကို  လူမှုရေးကူညီမှုအသင်းများက အလှူရှင်များနှင့်ဆက်သွယ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံနှင့် စျေးတန်း(ကွက်သစ်)ရပ်ကွက်ရှိ  Positive Centre သွားရောက် ပို့ဆောင်ပေးလျက်ရှိသည်။ 

 

မြို့နယ်အတွင်း အတည်ပြုလူနာများအတွက် သြဂုတ်လ ၁၉ရက်မှ ယနေ့အထိ နေ့စဉ် နံနက်စာ၊ နေ့လယ်စာ ၊ ညစာ၊ အချိုရည်နှင့် မုန့်များကို အလှူရှင်များက လှူဒါန်းပေးလျက်ရှိပြီး လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို မိုင်းဖြတ်လူမှုရေးကူညီမှုအသင်း၊ သင်္ဂဟလူမှုကူညီရေးအသင်း၊ မိုင်းဖြတ် ဘောလုံးဝါသနာရှင်များ အဖွဲ့တို့က  အတည်ပြုလူနာ  ၃၂ဦးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သန်းထွန်းအေး(ပြန်ဆက်)