mdn

မိုင်းဖြတ် ၊ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ပင်စင်စား မိဘပြည်သူများကို ဇူလိုင်လ ၂၆ရက် နံနက်ပိုင်းကစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်(လစာ)များလာရောက်ထုတ်ယူသည့် မိဘပြည်သူများကို ဘဏ်အတွင်းသို့ မဝင် ရောက်မီ လက်ဆေးဘေစင်တွင် လက်ကိုဆပ်ပြာဖြင့်စင်ကြယ်အောင် ဆေးကြောစေခြင်း၊ နှာခေါင်းစည်း (Mask)တပ်ဆင်ပြီးမှဝင်ခွင့်ပြုခြင်းနှင့် တစ်သုတ်လျှင်၅ဦးနှုန်းဖြင့် စနစ်တကျထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ယခင်ကပင်စင်(လစာ)များကို လစဉ်ရုံးဖွင့်ရက်များဖြစ်သည့် ၂၁ရက်နေ့ လကုန်ရက်မတိုင်မီအထိ ထုတ်ပေး လျက်ရှိပြီး ဇူလိုင်လ၁၇ရက်နေ့မှ ၂၅ရက်နေ့အထိ အစိုးရရုံးပိတ်ရက်ရှည်များဖြစ်သည့်အတွက် ယနေ့ ဇူလိုင်လ ၂၆ရက်နေ့မှ ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာ ဦးဌေးလှိုင်ထံက သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ကာကွယ်ရေးပင်စင်၊ ကာကွယ်ရေးမိသားစု၊ မြို့ပြပင်စင်၊ လုပ်သက်ပင်စင်၊ နိုင်ငံရေးပင်စင် စုစုပေါင်း ၂၈၄ဦးရှိကြောင်း သိရသည်။

ရွှေကို(မိုင်းဖြတ်)