ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် နမ့်လောက်ကျေးရွာအုပ်စုတွင်းနှင့် အနီးနားရှိ ကျေးရွာများမှ လယ်ယာမြေများ ရာသီမရွေး စိုက်ပျိုးနိုင်ရေးအတွက် သစ်ဆူးပင်ရေလွှဲဆည် တည်ဆောင်ပေးနိုင်ရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွန်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက မြေနေရာ သက်မှတ်ရွေးချယ်ခြင်းနှင့် တိုင်းတာစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
 
အဆိုပါ သစ်ဆူးပင်ရေလွှဲဆည်ကို မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေကျပ်သန်း ၁၄၅ ဖြင့် ဆောင်ရွက်မှာဖြစ်ပြီး ရေလွှဲဆည်ဆောင်လုပ် ပြီးစီးသွားပါက နမ့်လောက်အုပ်စု အတွင်းရှိ နမ့်လောက်၊ တာမ၊ ဖွေးဟုန်း၊ ဝမ်ဆာ စသည့် ကျေးရွာများနှင့် အနီးနားရှိ ကျေးရွာ ၁၃ ရွာမှ လယ်ယာမြေ ရေသောက်ဧကပေါင်း ၂၀၀၀ဧကခန့်အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
 
 
သန်းထွန်းအေး(ပြန်/ဆက်)