မိုင်းဖြတ်မြို့နယ်၊ ရှေခင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မိုင်းဖြတ် ၅  ဇန်ဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်းကျင်းပသည့် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဇန်ဝါရီ ၄ ရက်၊ နံနက် ၁၀ နာရီက မိုင်းဟဲကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာရှိ ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ဒီမိုကရေစီခေတ်တွင် အစိုးရနှင့် ပြည်သူကြား ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည်ဖြစ်၍ ကျေးလက်နေပြည်သူများမှ ပူးပေါင်းပါဝင်ဆွေးနွေးကြရန် အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြည်သူ့စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့။ ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက လွှတ်တော်လုပ်ငန်း ဆိုင်ရာများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုက ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ခြင်း ဆိုင်ရာများကို အာခါတိုင်းရင်းသားဘာသာစကားဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့် ပြည်သူ့စကားဝိုင်းတွင် ဦးဆောင်ပါဝင် ဆွေးနွေးမည့် ပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသည့် မိုင်းဟဲကျေးရွာအုပ်စုပ်အတွင်းရှိ ကျေးရွာများမှ ရွာသူ၊ ရွာသားများက  မိမိတို့ကျေးရွာများ အတွင်း လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် မေးခွန်းများကို မြေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်  ပြန်လည်းရှင်းလင်း ဖြေကြားခဲ့ကြသည်။ 

 

သန်းထွန်းအေး(ပြန်/ဆက်) 

 

DSC_0178.JPG