မိုင်းဖြတ် ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၀ ရက် နံနက်ပိုင်းက ဆွမ်တောက် ဘုန်းကြီးကျောင်းဝင်း (သာသနာပိုင်မြေနေရာ)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား စိုက်ပျိုးမည့် စိုက်ပျိုးပင်များကို လွှဲပြောင်းပေးအပ်ပြီး တက်ရောက်လာကြသူများက ကျွန်းပင် ၁၀၀၊ မန်ဂျန်ရှား ပင် ၂၀၀၊ မယ်ဇလီ ပင် ၂၀၀၊ ငုစပ် ပင် ၄၀ စုစုပေါင်း အပင် ၅၄၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ရှောလမွန်(မိုင်းဖြတ်)