မိုင်းဖြတ် သြဂုတ် ၂၆

 

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် စာဖတ်ရှိန်မြှင့်တင်​ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို အ.ထ.က(မိုင်းဖြတ်)ကျောင်း၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။

 

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ​ဒေါ်နန်း​ကောင်ခမ်းနှင့် ဝန်ထမ်းများက အ.ထ.က(မိုင်းဖြတ်)​ကျောင်းမှ ကျောင်းသား၊ ​ကျောင်းသူများကို သုတ၊ ရသစာ​ပေ (၁၅၀)အုပ်ကို အခမဲ့ ငှားရမ်း​ပေးခဲ့​သည်။ ထိုသို့ စာအုပ်စာ​​စောင်များ ငှားရမ်း​ပေးခြင်းသည် စာဖတ်ပရိသတ်များအ​နေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်​သော်လည်း စာ​ပေများကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်​ရေး၊ ​​ကျောင်းစာအပြင် ပြင်ပဗဟုသုတစာ​ပေများကိုပါ ​​လေ့လာဖတ်ရှု​စေ​ရေးအတွက် ရည်ရွယ်ပြီး ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်​ကြောင်း သိရသည်။

 

သန်းထွန်း​အေး(မိုင်းဖြတ်)