မိုင်းဖြတ်  နိုဝင်ဘာ ၈

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကောင်းမှုကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက ကောင်းမှုကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောထားသူ နိုင်၃(က) (၁၁)ဦး၊ နိုင် ၆(က) (၈)ဦး၊ နိုင်၆(က)လဲလှယ် (၅)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားသူ  အိမ်ထောင်စု (၅)စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့သည်။ 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် စီးမှူးရုံးမှ “ပန်းခင်းစီမံချက်” လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး