မိုင်းဖြတ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စည်ကားစွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မိုင်းဖြတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူ များမှ “ပြည်မြန်မာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူ (၂၇)ဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(ဟိုနား) မှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားရှိသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များနှင့် ပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူများ၏ ပြိုင်ပွဲစာမူများ၊ ပန်းချီမှတ်တမ်း ပြဘုတ်များကို စိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီး (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှောလမွန် ( မိုင်းဖြတ် )