မိုင်းဖြတ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်နေမှုအတွက် စာရေး ကိရိယာများ ထောက်ပံ့ပေး

မိုင်းဖြတ် ၂၃ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)    မိုင်းဖြတ်မြို့နယ်တွင်  ပြည်သူလူထုကို  အခြေပြုသော  အခြေခံစာတတ်  မြောက်ရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ မြို့နယ် ပညာရေးမှူး ဦးစိုင်းသန်းလူနှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများသည် ဇန်နဝါရီ ၂၂ ရက် ည ၇နာရီက  ဝမ်နောင်ကျေးရွာ ဘုန်းကြီးကျောင်း၌  အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်နေမှုအား   ကွင်းဆင်းကြည့်ရှုအားပေး၍ စာသင်သား များအတွက်  စာရေးကိရိယာများ၊ အင်္ကျီများ  ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို မိုင်းဖြတ်မြို့နယ် အတွင်းရှိ ဝမ်နောင်၊ နမ့်ကုန်း၊ ဝမ်ပုံ၊ နမ့်လောက်၊ ပါလောင်း(မွန်ကာ)၊ ဟာကြာဟုန်၊ ဘိုရှီး၊ ဟိုခန့် စသည့် ကျေးရွာရှစ်ရွာတွင် စာသင်ဝိုင်း (၁၅)ဝိုင်းဖြင့် စာသင်သား ၂၂၀ ဦးခန့် တက်ရောက် သင်ယူကြမည်ဖြစ်ပြီး သင်ကြားမည့် ကာလမှာ ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရက်ပေါင်း ၄၀ရက်ကြာ နေ့စဉ် ည ၆ နာရီမှ ၉ နာရီအထိ လှုပ်ရှားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းဖြတ် (ပြန်/ဆက်)