မိုင်းဖြတ် ၂၂ မတ် 


ရှမ်းပြည်နယ်( အရှေ့ပိုင်း )၊  မိုင်းဖြတ်မြို့နယ်တွင်   မြို့နယ်ဘေးအန္တရာယ်စီမံခန့်မှုဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများသည် သောက်သုံးရေ အခက်အခဲရှိနေသော ကျေးရွာများသို့  ပေးလှူလျက်ရှိရာ  ယနေ့နံနက် ၁၀နာရီခွဲက     ဝမ်နောင်ကျေးရွာတွင်  လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပါဆန်းကျေးရွာတွင်လည်းကောင်း ဂါလံ (၁၂၀ဝ)ဆံ့ မီးသတ်ယာဉ်ဖြင့် သောက်သုံးရေများကို  တစ်ရွာလျှင် တစ်စီးနှုန်းဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

‌ေ

 

အဆိုပါ ရေလှူဒါန်းရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် တာဝန်ရှိဌာနဆိုင်ရာများက လိုက်ပါကူညီဆောင်ရွက်ပေးကြပြီး ပါဆန်းကျေးရွာတွင်  လွှတ်တော်ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၀  သိန်းနှင့် ကျေးလက်ပြည်သူများ၏ လုပ်အားဖြင့်  ကျေးလက်ရေပေးရေးအတွက်   အလျား ပေ ၂၀၊ အနံ ၁၂ ပေ၊ အမြင့် ၁၂ ပေရှိ  တိုးချဲ့ရေလှောင်ကန်အား စုပေါင်းလုပ်အားပေးရာသို့   ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှောလမွန်( မိုင်းဖြတ်)