မိုင်းဖြတ် ၁၅ ဇန်နဝါရီ

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အကောင်အထည် ဖော်ရာမှာ လိုအပ်သော အညွှန်းကိန်းများရရှိရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများ စတင်ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီမှ၍ စာရင်းများ စတင်ကောက်ယူနေပြီဖြစ်သည်။

 

2

 

ထိုသို့ ကြားဖြတ်သန်းခေါင်စာရင်းများ စတင်ကောက်ယူရာတွင် မြို့နယ်ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီအဖွဲ့ဝင်များ၊ စာရင်းကောက်များနှင့် တာဝန်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ဈေးတန်းရပ်ကွက်ရှိ ကောက်ကွက်အတွင်းပါ ၃၅ အိမ်တွင် လိုက်လံကောက်ယူနေကြောင်း သိရသည်။

 

3

 

မိုင်းဖြတ်မြို့နယ်အနေဖြင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် မြို့နယ်အတွင်း ကောက်ကွက် ၆ ကွက်မှ ဈေးတန်းရပ်ကွက်၊ ဝမ်ဟွေရပ်ကွက်၊ မွန်ကာကျောင်းအုပ်စု၊ နမ့်ယွန်းအုပ်စု၊ နမ့်ပန်အုပ်စု၊ ဝမ်လုံးအုပ်စုများရှိ ကောက်ကွက်တစ်ကွက်လျှင် ၃၅ အိမ် စုစုပေါင်းအိမ် ၂၁၀ ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ စာရင်းကောက် ၃ ဦး၊ စာရင်းစစ် ၁ ဦးဖြင့် သက်မှတ်ထားသည့် မေးခွန်းပေါင်း ၁၁၀ ခန့်အား လူတစ်ဦးချင်းအလိုက် မေးမြန်းဖြေဆိုချက်ကို Mobile Tablet ဖြင့် စနစ်တကျ စိစစ်ကောက်ယူသွားမှာဖြစ်ကြောင်း သိရသည်။

 

9

 

သန်းထွန်းအေး(ပြန်/ဆက်)

 

10