မိုင်းဖြတ်၊ ​ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ​ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်း​ဆင်း​ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက “ပန်းခင်းစီမံချက်" ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက ဟွေရှိုကျေးရွာများမှ ကျေးရွာနေပြည်သူများ လာရောက်လျှောက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၆)ဦးနှင့်  အိမ်ထောင်စုလူဦးရေစာရင်း အိမ်ထောင်စု (၅)စုတို့ကို အခမဲ့ ဆောင်ရွက်ပေးသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် လုပ်ငန်း​စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ယနေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၆၇၇)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၁၈၀)စုတို့ကို အခမဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းပြီး ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

​​​သန်းထွန်းအေး