မိုင်းဖြတ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ ဥကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေး၊ တာဆီးကာကွယ်ရေး၊ အကာအကွယ် ပြုပေးနိုင်သည့် နည်းလမ်း များ၊ ဥပဒေကြောင်းဆိုင်ရာ အရေးယူမှုနည်းလမ်းများ၊ ပြန်လည် ထူထောင်ရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေ အရာရှိ ဦးစိုးထက်အောင်က မျက်မှောက်ခေတ်တွင် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် တူညီသော အခြေအနေတွင် အမျိုးသမီးများကို အခြားသူများနည်းတူ တန်းတူဆက်ဆံရေး၊  အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာမ အဆင့်-၁ ဒေါ်နန်းတစ်က အမျိုးသမီးများအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြော ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးစိုးထက်အောင်၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောင်ရေး အသင်းမှ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကျေး/ ကျေးရွာ အုပ်စု စာရေးများ စုစုပေါင်းအင်အား ၇၅ဦးခန့် တက်ရောက်ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)