မိုင်းဖြတ်   ၂၄ စက်တင်ဘာ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနည်းစနစ်ဆိုင်ရာ အမှတ်စဉ်(၂/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မြို့နယ်သစ်တောဦးစီဌာရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ   ရှမ်းပြည်နယ် သစ်တောဦးစီးဌာန(တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးအောင်မြက သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များ၊ သစ်တောနှင့် ပတ်သက်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့မှု အခြေအနေများ၊ ယခု ဖွင့်လှစ် သည့်ကြားပေးခဲ့သည့် သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ 


သင်တန်း ဖွင့်ပွဲအခမ်းအနားသို့  ရှမ်းပြည်နယ်သစ်တောဦးစီးဌာန(တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးအောင်မြ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သစ်တောဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာများ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု စသည့်မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုစသည့် မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများ ၂၄ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို  စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ    မြန်မာ့သစ်တောမူဝါဒနှင့် သစ်တောဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ သစ်တောစိုက်ခင်းနှင့် ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ သီးနှံသစ်တောရောနှောခြင်း၊ သဘာဝတောထိန်းသိမ်းခြင်း စသည့်ဘာသာရပ်များကို  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 မြို့နယ်(ပြန်/ဆက်)