မိုင်းဖြတ်၌ ခြောက်ဘီးယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးချောက်ထဲ ထိုးကျ ယာဉ်မောင်း သေဆုံး

မိုင်းဖြတ် ၂၀ ဖေဖော်ဝါရီ 


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျိုးင်တုံ - မိုင်းဖြတ်သွား ပြည်ထောင်စု ကားလမ်မပေါ်၊ ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြား မိုင်တိုင်အမှတ် (၆၉၆/၆၉၇) ကီလိုမီတာ ကြားတွင် ခြောက်ဘီးယာဉ်တစ်စီး  အရှိန်လွန်ပြီး လမ်းဘေးချောက်ထဲ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့  ယာဉ်မောင်း ကိုသိန်း(ခ)ကျော်ဖြိုး ၂၈နှစ်၊ တာချီလိတ်မြို့၊ မာကာဟိုခမ်း ရပ်ကွက်နေသူ မောင်းနှင်ပြီး မောင်ဒါဇင်ပြည့် တာချီလိတ်မြို့၊ မာကာဟိုခမ်းရပ်ကွက်နေသူ စီးနင်းလိုက်ပါလာသည့် ယာဉ် အမှတ် (8F/-----) နီဆန်းအမျိုးအစား ခြောက်ဘီးယာဉ် (ဖြူ/ကြား)ယာဉ်သည် ဆိုင်းလေနှင့် ဆွပ်ပလောင်း ကျေးရွာ ကြား မိုင်တိုင်အမှတ် (၆၉၆ / ၆၉၇) အကွေ့တွင်  အရှိန်မထိန်းနိုင်ဘဲ   လမ်း၏ယာဘက်ဘေး ပေ(၁၅၀)ခန့်ရှိ  ချောက်အတွင်းသို့  ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။


တိမ်းမှောက်မှုကြောင့်  ယာဉ်မောင်း  ကိုသိန်း (ခ) ကျော်ဖြိုးနှင့် မောင်ဒါဇင်ပြည့်တို့တွင် ဒဏ်ရာများ ရရှိသဖြင့် 
မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် ယာဉ်မောင်း ကိုသိန်း(ခ)ကျော်ဖြိုးမှာ  သေဆုံးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN

 

123