မိုင်းဖြတ်  ၁၂   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ထူးချွန်ထက်မြတ်သော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်များ စိစစ်ရွေးချယ်ခြင်း ရေးဖြေစာမေးပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီက အ.ထ.က (မိုင်းဖြတ်) ကျောင်းတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုသို့ လူရည်ချွန်းကျောင်းသား၊ ကျောင်းသူများ စီစစ်ရွေးချယ်ရာတွင် အခြေခံပညာအထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်းများမှ အဌမတန်း ၆ ဦး၊ နဝမတန်း ၈ ဦး၊ ဒသမတန်း ၉ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြပြီး ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက် နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းတို့ကို ယှဉ်ပြိုင်ဖြေဆိုစေသွားမည်ဖြစ်သည်။

 

မြို့နယ်အဆင့်တွင် ယှဉ်ပြိုင်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးအနက်မှ အတန်းလိုက် ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၃ ဦးစုစုပေါင်း ၆ ဦးကို ခရိုင်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်မျိုးနိုင်ထံမှ သိရသည်။

 

 

သန်းထွန်းအေး(ပြန်/ဆက်)